အားလုံးပျော်ဖို့
တစ်ခါက နိုင်ငံတစ်နိုင်ငံ၏ လူကြီးသုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ကြည့်ရှုကြတယ်။
အဲဒီအချိန်မှာ ပထမ လူကြီးတယောက်က သူ့ရဲ့စိတ်ကူးကို စပြောတယ်။”
တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲကွ…နော်”
အဲလိုပြောတော့ ဒုတိယ လူက အားကျမခံ ” ၅၀၀ တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက် ပျော်ရမှာကွ”
တတိယ လူကလည်း ဘယ်နေပါ့မလဲ။
” ၁၀၀ တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်နော့်”
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အမြင်ကပ်လာပြီး ခုလို ပြောလိုက်တယ်။

“ခေါင်းဆောင်ကြီးတို့ သုံးယောက်စလုံးသာ ခုန်ချလိုက်ရင် ဒီနိုင်ငံမှာရှိတဲ့ လူတွေအကုန်လုံး ပျော်ကြမှာဗျ”
No comments:
Post a Comment